Peace Brotherစက်မှု လက်မှု လုပ်ငန်းနဲ့ NCY International ကုမ္ပဏီ ရဲ့ ပဲ့ကိုင်ရှင် ဦးဝင်းထွဋ်အောင်ရဲ့ ဘဝဖြတ်သန်းမှု၊၎င်း၏ လုပ်ငန်း အကြောင်း

မုံရွာမြို့မှာ အောင်မြင်နေတဲ့ Peace Brotherစက်မှု လက်မှု လုပ်ငန်းနဲ့ NCY International ကုမ္ပဏီ ရဲ့ ပဲ့ကိုင်ရှင် ဦးဝင်းထွဋ်အောင်ရဲ့ ဘဝဖြတ်သန်းမှု၊၎င်း၏ လုပ်ငန်း အကြောင်းများကို မုံရွာဂေဇက်မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အိအိဖြိုး တွေဆုံမေးမြန်းသည်။ MGZ-ငယ်ဘဝ ဖြတ်သန်းမှုနဲ့ စီးပွားရေးလောကထဲ စရောက်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။ WHA- ငယ်ငယ်တုန်းက ၈တန်းမှာ ကျွန်တော်တို့မြို့ရဲ့ ၅ဘာသာဂုဏ်ထူးရှင် ၃ဦးမှာ ကျွန်တော်ပါခဲ့တယ်။စာတော်ခဲ့ပေမယ့် ကိုးတန်းမှာ အပေါင်းအသင်းမှားလို့ လမ်းကြောင်းလွဲသွားလို့၁၀တန်းကို ဂုဏ်ထူး၁ခုပဲပါတော့တယ်။ကျွန်တော်သာကြိုးစားခဲ့ရင် အင်ဂျင်နီယာလိုင်းဝင်နိုင်ပါတယ်။physနဲ့ကျောင်းပြီးပါတယ်။အကြောင်းကြောင်းကြောင့် အင်ဂျင်နီယာမဖြစ်ခဲ့ပေမယ့် အခုတော့ အင်ဂျင်နီယာအလုပ်တွေ လုပ်နေပါတယ်။ငယ်ငယ်ကတော့ ဂစ်တာတီးတာဝါသနာပါတယ်။အခုတော့လည်း မလုပ်ဖြစ်တော့ပါဘူး။ MGZ-မိသားစုလုပ်ငန်းပဲခွဲစက်ကနေ စက်မှုထုတ်ကုန်ဘက်ကို ဘယ်လိုပြောင်းလာလဲ။ WHA-အရင်တုန်းက စက်မှုဇုံတွေ အကောင်ထည်ဖော်တဲ့နေရာမှာ အဖေက ၁၉၉၆မှာ ကုလားပဲခွဲစက်ကို စက်မှုဇုံကို ရွေ့ရမယ်ဆိုတော့ ပဲခွဲစက်အသစ်ကို မန္တလေးက […]

Peace Brother Industry က တီထွင်ထုတ်လုပ် သရုပ်ပြထားတဲ့ စပါး၊ ပဲ၊ ပြောင်း နှင့် သီးနှံမျိုးစုံ အခြောက်ခံစက် သရုပ်ပြလည်ပတ်ပြ

စိတ်ကူးထဲမှာရှိတဲ့ idea ကို လက်တွေ့တီထွင်ထုတ်လုပ် သရုပ်ပြရဲတာတော့ ချီးကျူးရမယ်။ မုံရွာမြို့ Peace Brother Industry က ကိုဝင်းထွဋ်အောင် တီထွင်ထုတ်လုပ် သရုပ်ပြထားတဲ့ စပါး၊ ပဲ၊ ပြောင်း နှင့် သီးနှံမျိုးစုံ အခြောက်ခံစက် သရုပ်ပြလည်ပတ်ပြတာကို ဒီနေ့သွားကြည့်ဖြစ်ပါတယ်။ နိုင်ငံခြားစက်တစ်လုံးကြည့်နေရသလိုဘဲ ထူးခြားတာက သာမန်မကျွမ်းကျင်တဲ့ လူတစ်ယောက်အလွယ်တစ်ကူ သုံးနိုင်အောင် Burner နဲ့ Drying Unit တို့က PLC Control Panel ရှေ့က Touch Screen တွေမှာ မြန်မာစာနဲ့ပါ Menu တွေ Text တွေ ထည့်ထားလို့ User Friendly ပိုဖြစ်ပါတယ်။ စက်တွေမှာ Sensor တွေ တော်တော်များများ ထည့်သွင်းထားကာ PLC နဲ့ချိတ်ဆက်ထားလို့ [...]