စိတ်ကူးထဲမှာရှိတဲ့ idea ကို လက်တွေ့တီထွင်ထုတ်လုပ်
သရုပ်ပြရဲတာတော့ ချီးကျူးရမယ်။ မုံရွာမြို့ Peace Brother Industry က
ကိုဝင်းထွဋ်အောင် တီထွင်ထုတ်လုပ် သရုပ်ပြထားတဲ့
စပါး၊ ပဲ၊ ပြောင်း နှင့် သီးနှံမျိုးစုံ အခြောက်ခံစက် သရုပ်ပြလည်ပတ်ပြတာကို ဒီနေ့သွားကြည့်ဖြစ်ပါတယ်။ နိုင်ငံခြားစက်တစ်လုံးကြည့်နေရသလိုဘဲ
ထူးခြားတာက သာမန်မကျွမ်းကျင်တဲ့ လူတစ်ယောက်အလွယ်တစ်ကူ သုံးနိုင်အောင်
Burner နဲ့ Drying Unit တို့က PLC Control Panel ရှေ့က Touch Screen တွေမှာ မြန်မာစာနဲ့ပါ Menu တွေ Text တွေ ထည့်ထားလို့ User Friendly ပိုဖြစ်ပါတယ်။
စက်တွေမှာ Sensor တွေ တော်တော်များများ ထည့်သွင်းထားကာ PLC နဲ့ချိတ်ဆက်ထားလို့ ဆောက်ထားလို့ Auto စနစ် / Automation စနစ်မျိုးလို့ ဆိုနိုင်ပါတယ်။
စက်ဒီဇိုင်းကို (၃) လအချိန်ယူပြီး ကွန်ပျူတာအသုံးပြုရေးဆွဲခဲ့ရပြီး၊ PLC Program ကို လက်တွေ့စက်တည်ဆောက်ထားတာနဲ့အညီ (၃)ရက်လောက် ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းရေးဆွဲခဲ့တယ်ဆိုပါတယ်။
Dryer က အကြီးကြီးဘဲ စပါးခွံလောင်စာသုံးပါတယ်၊ စပါးခွံကို Auto ကျွေးတဲ့စနစ်၊ အပူချိန်များလာရင် Auto ရပ်ပစ်တဲ့စနစ်၊ Alarm စနစ်၊ ဝင်လာတဲ့သီးနှံရဲ့ စိုထိုင်းဆပေါ်မူတည်ပြီး အပူကို အနည်းအများလွှတ်ပေးတဲ့စနစ်တွေပါတယ်။ Burner က သိန်း (၁၈၀) ၊ Drying Unit က သိန်း (၄၀၀) နဲ့ ရောင်းပါမယ်တဲ့၊ Burner က Drying Unit (၃) ခုစာ နိုင်တယ်ဆိုပါတယ်။ Drying Unit ကလည်း လေပူသွင်း/ထုတ်စနစ်၊ အတွင်းဘက်အပူချိန်လိုအပ်တာထက်မြင့်လာတဲ့အခါ လေတံခါးကိုလိုသလောက်ဖွင့်ပြီး ပြင်ပလေနည်းနည်းရောပေးပြီး အပူချိန်လျှော့ပေးတဲ့စနစ်၊ လေပူသွင်းတဲ့နှုန်း(အပါတ်ရေ)လျှော့ပေးတဲ့စနစ်ကို Sensor တွေမှတဆင့် PLC Controller က တဆင့် ထိန်းချုပ်ထားပါတယ်။ Drying Unit က စပါး ၁၅ တန် မှ ၁၈ တန်ထိ ဆန့်ပါတယ်။
အစိုမှတ်တစ်မှတ် ချဖို့ တစ်နာရီ / တစ်နာရီခွဲခန့်ကြာပါမယ်။ အဲထက်မြန်အောင် စက်ကို Controller ကချိန်လို့လည်းရပါတယ်။ Drying Unit ထဲကို စပါးထည့်ပေးတဲ့ ဇလားနဲ့ Conveyor က သရုပ်ပြမို့ ပေါ့ပေါ့ပါးပါး သိန်း(၄၀) ကျော်တန် တစ်ခုဗျ၊ ကျင်းတူစရာမလို၊ မသုံးရင်လည်း ရွေ့ထားလို့ရလွယ်ပါလိမ်မယ်။ ( ကားပေါ်ကနေစပါးလောင်းချလို့ရအောင် လုပ်ထားပါသေးတယ်။ ကိုဝင်းထွဋ်အောင် Dryer သရုပ်ပြနေတာ (၂)ရက်ရှိပါပြီ ( ခုချိန်ထိတော့ မရောင်းရသေးဘူး) ဒီညနေ Dryer ဖြုတ်ပြီး ရန်ကုန်မြို့ Fortune Plazza မှာ ၂၉ ရက်စမယ့် မြန်မာ့လယ်ယာသုံးစက်ကိရိယာပြပွဲကို သယ်မယ်တဲ့ ဟိုမှာ Outdoor ပြခန်း ၆ နေရာစာအတွက် သိန်း(၉၀) သွင်းရမတဲ့။ သယ်ယူစရိတ် နေစရိတ်၊ စားစရိတ် တွေနဲ့ပါဆို သူ့သရုပ်ပြ (Demonstration) ကသိန်း (၂၀၀)လောက်တော့ အသာလေးကုန်ဦးမယ်။ သူယုံကြည်ရာကိုတော့ ဆက်လုပ်ဦးမှာသေချာတယ်။ ကြာရင်တော့ ဒီ Dryer ရဲ့ ကအသုံးဝင်မှုတန်ဖိုးကို သိလာပြီး ဆက်တိုက်ရောင်းရလောက်တယ်။ အဲဒီအခါကျ Dryer ထဲမဝင်ခင် Pre-Cleaner တွေ၊ Dryer က အထွက် Processing စက်ဆီသွားရမယ့် Conveyor တွေပါ တွဲရောင်းရနိုင်ပါသေးတယ်။ Peace Brother အောင်မြင်ပါစေ။